အရိပ်ဝတ္ထုဟာ ဆရာမကြီး မစန္ဒာရဲ့ပြောင်မြောက်တဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်သလို ဇာတ်လမ်းတွဲအနေနဲ့လည်း အောင်မြင်ခဲ့တဲ့ ဝတ္ထုတစ်ပုဒ်ပါ။
အဲ့ဒီဝတ္ထုကို ဖတ်တဲ့ အခါ သင့်တင့်ရုံဘဝမှာ စိစစ်လောက်ငှရုံ စီမံခန့်ခွဲရှင်သန်နေကြရတဲ့ အမာညိုတို့ မိသားစုရယ်..
အေးဆေးတည်ငြိမ်ပြီး ရုန်းကန်မှုထဲမှာ ပါတဲ့ သက်သက်တို့မိသားစုရယ်...
နောက်ပြီး ပြည့်စုံပိုလျှံတယ် ရုပ်ချောတယ်။စာတော်တယ် စသဖြင့် အဖက်ဖက်က ပြည့်စုံတဲ့ စုစုလှိုင်တို့ မိသားစုရယ်..။
ဇာတ်ဆောင်မိသားစု သုံးစုပါတယ်။
အရိပ်ဝတ္ထုကို ဖတ်ပြီးတဲ့သူ အတော်များများက
လောကစည်းစိမ်တွေနဲ့ ပြည့်စုံနေတဲ့ စုစုလှိုင်က ရုပ်ချောတယ် ပိုက်ဆံရှိတယ် စာတော်တယ် ထက်မြက်တယ် ဒါကို လက်ခံပေမယ့် စုစုလှိုင်ကို အားမကျကြဘူး။အမြဲပူလောင်နေရတတ်တဲ့ စုစုလှိုင်မဖြစ်ချင်ကြဘူး။
ဘဝကို စိတ်ဖိစီးမှုကင်းကင်းနဲ့ ဖြတ်သန်းနေတာကလွှဲရင် စိတ်ချမ်းသာတာကလွှဲရင် ရုပ်ကလည်း သိပ်မလှပေမယ့် ပျော်ရွှင်အေးချမ်းကြတဲ့ အမာညိုတို့မိသားစုကို အားကျကြတယ်။အမာညိုကို သဘောကျကြတယ်။ အမာညိုတို့လို လောကကို ဖြတ်သန်းခွင့်ရရင်ဆိုတဲ့အတွေးမျိုးကို တွေးကြတယ်။
ပြီးတော့ သက်သက်။
မျက်လုံးမှေးမှေးလေးနဲ့ ရုပ်မချောဘူး။ မပြည့်စုံဘူး။စာမတော်ဘူး..။သူ့မှာ ကြင်နာတတ်တဲ့ နှလုံးသားရှိတယ်။
အဲ့ဒီတစ်ခုနဲ့တင် သက်သက်က လေးစားစရာကောင်းသွားတယ်။ဝတ္ထုဖတ်သူကို ဆွဲဆောင်သွားတယ်။
ဒါကအရိပ်ဝတ္ထုဖတ်သူ အတော်များများကို မေးကြည့်ရင်း သိလာရတာဖြစ်တယ်။
အဲ့ဒီအခါ လူတွေတကယ်လိုလားတာ စိတ်အေးချမ်းမှုလို့ သိလာတယ်။ကြင်နာမှုကို ပိုမက်မောတာ သိလာတယ်။
ရုပ်ချောတာ..ပိုက်ဆံပေါတာကို အားကျကောင်း အားကျကြပေမယ့် တကယ့် တကယ် ဖြစ်လိုတာက ဘဝကို ရိုးရှင်းစွာဖြတ်သန်းလိုမှုတွေကို ပိုလိုလားကြတာ တွေ့ရတယ်။
ပူလောင်မှုထက် အေးချမ်းမှုကို လူတွေပိုမက်မောကြတယ်။
ကြင်နာတဲ့လက်တွေကို ပိုပြီး ထွေးဆုပ်လိုကြတယ်။
ရုပ်ချောမှ ပိုက်ဆံရှိမှ စာတော်မှဆိုတာထက် တကယ်အေးချမ်းတဲ့ဘဝနဲ့တင် လူတွေ နေပျော်လေ့ရှိကြတယ်။အပူအပင်ကင်းကင်းနဲ့ ငြိမ်းချမ်းတဲ့ဘဝက လူတွေကို ပိုလွှမ်းမိုးလေ့ရှိတာကို နားလည်လိုက်ရတယ်။
အဲ့ဒီအခါ ဘာကိုသတိရလိုက်သလဲဆိုတော့ တရုတ်နိုင်ငံက Li ZiQiဆိုတဲ့ Online cele တစ်ယောက်ကို သတိရမိတယ်။
သဘာဝရဲ့ပျိုစင်ကညာလို့ နာမည်ပေးထားတဲ့ သူမရဲ့ ဗွီဒီယိုဖိုင်အတိုလေးတွေကို ကြည့်ပြီး သူ့လိုမနေချင်တဲ့သူ မရှိသလောက်ရှားတယ်။
ကိုယ့်အိမ် ကိုယ့်ခြံထဲမှာ ကိုယ်တိုင် စိုက်ပျိုးထားတဲ့ သစ်သီးဟင်းရွက်တွေကို ချက်ပြုတ်စားသောက်ရင်း ဘဝကို ဖြတ်သန်းနေတဲ့ မိန်းမပျိုတစ်ယောက်ကို ကြည့်ပြီးတဲ့အခါ သူ့လို နေချင်လာတယ်။
သူ့လို အေးချမ်းချင်လာတယ်။
သူ့လို ဆိတ်ငြိမ်ချင်လာတယ်။
တကယ်တော့
လူတွေက အပူလောင်မခံလိုတဲ့ သက်ရှိတစ်မျိုးဆိုတာ သိလာရတယ်။
ဒါနဲ့များ အေးချမ်းမှုကိုဘာလို့ မရှာဖွေကြသလဲဆိုတာတော့ မပြောတတ်ပေဘူးပေါ့..။
I'm ATM.
Photo cr dit.