Poem

#အနက်​​ရောင်​အပြုံး

အလင်းပြန်​​နေတဲ့ နက္ခတ်​​တွေကို
မင်​ရည်​ကျဲပက်​ ပစ်​တတ်​ဖို့
လောကပါလတရား​တွေကို
လက်​ကြားယိုပစ်​ကြတယ်​..

အဘိဓာန်​ထဲ ထည့်​မသိမ်းခဲ့မိတဲ့
လူမိုက်​ပုံပြင်​​တွေ
ပစ္စုပ္ပန်​တိုင်း ပစ္စုပ္ပန်​တိုင်းဆီမှာ
လတ်​လတ်​ဆတ်​ဆတ်​...

တကိုယ်​​တော်​ ပင့်​သက်​ကို စီး
ရှိုက်​ဖိုကြီးငယ်​နဲ့
ကြမ္မာအသွယ်​သွယ်​ဆို
ဟစ်​လား ​အော်​လား
ကျိန်​ဆဲလိုက်​​သေးတယ်​..

ဘယ်​တရားကိုမှ
လက်​မတည့်​တဲ့ ဓားပါး
ခြ​တောင်​ပို့ကြားထဲ
သင်္ဂြိုဟ်​ထားခဲ့ကြ...

နက္ခတ်​ တဖဲ့တရွဲ့နဲ့
ဆေးနက်​ခြယ်​တဲ့ ကြယ်​တစ်​လုံး
ငါ့ ​ကောင်းကင်​ယံထဲမှာ
ပြုံးပြုံးကြီး ကြည့်​​နေဖြစ်​ခဲ့.....

I'm ATM.
Photo credit. ![image](

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center