*** exit ***
......................
ဘုရားသခင်ပေးတဲ့ လက်ခုပ်သံနဲ့
လူစီဖာကို ကြိုဆိုလိုက်တယ်
အမှောင်လောကသားတို့
တရေးနိုးလာချိန်ကို
ကြယ်စင်အလင်းတို့နဲ့
ထိုးကြည့်မိခဲ့...
ကြောက်မက်ဖွယ်တိတ်ဆိတ်သံတွေကို
စပြီး ကြားဖူးခဲ့ရတယ်..
သွေးပျက်ကာရန်နဲ့
နံရံကပ်ဝေဒနာတွေကို
အလုပ်များလွန်းသူတွေကြား
ကပ်ထားမိခဲ့...
သွေးရူးသွေးတန်နဲ့
လက်လှမ်းမှီသမျှကိုင်ဆွဲတယ်
နွေးထွေးတဲ့လက်အစုံရဲ့
အေးစက်မှုကို
စတင်ခံစားလိုက်ရတယ်...
ကျွန်တော့ကို
ပြုံးမပြပါနဲ့
လူစီဖာ.....။ ။
I'm ATM. ![image](