My Entry Post for Thinkitopposite Writing Contest - Week #7

image

source ; @aggamun

image

အခုရက်ပိုင်း steemitနဲ့ဝေးကွာနေတာ တော်တော်တောင်ကြာပြီပဲ။အဓိကကတော့ စာရေးဖို့အာရုံစိုက်လို့ မရသေးတာပါ။ရှင်းရှင်းပြောရ ရင်ကုန်ကြမ်း မရှိဘူးပေါ့ရှင်။အဲ့ဒါကြောင့် @aggamunရဲ့ contest postလေးအကြောင်းပဲ စာရေးပါရစေ။Contestရဲ့ မေးခွန်းလေးကတော့ "ဖတ်ဖူးတဲ့စာအုပ်တစ်အုပ်ကို အခြားသူတွေကိုပါ ဖတ်ချင်လာအောင် ညွှန်းဆိုပေးရမှာပါ" အကောင်းဆုံးမေးခွန်းလေးပါပဲ။ မျှဝေခြင်းတွေထဲမှာ အသိပညာဗဟုသုတမျှဝေပေးတာကလည်း မွန်မြတ်လှပါတယ်။

စာအုပ်ဖတ်တာ ဝါသနာပါတာကြောင့် ဒီမေးခွန်းလေးဟာ ကျွန်မနဲ့ကိုက်ညီလှပါတယ်။ဒါပေမယ့် ကျွန်မဟာ ရသစာပေကိုပိုမိုအလေးပေးဖတ်ရှုတာမို့ ညွှန်းဆိုရရင် ရသစာအုပ် တစ်အုပ်အကြောင်းကိုပဲ ညွှန်းဆိုပါရစေ။စာအုပ်လေး နာမည်ကတော့ "ဆူးပန်းခွေသွယ်ဘယက်နှင့် ပေရွက်လိပ်နားတောင်းဆင်"ဆိုတဲ့ ဆရာမကြီးခင်ခင်ထူးရေးသားခဲ့ပါသော စာအုပ်လေးပါ။ ဒီစာအုပ်လေးကို ဆရာမကြီးက သူဆရာမဖြစ်ခါစက တာဝန်ကျခဲ့ရတဲ့ ပေါက်တောရွာလေးရဲ့ အကြောင်းကို အမှီပြုပြီး နတ်ရေကန်ဆိုတဲ့ ရွာလေးကို ဖန်တီး ရေးသားထားတာပါ။ရွာငယ်လေးဖြစ်တာကြောင့် ကလေးတွေရဲ့ပညာရေးထက် ဝမ်းစာရေးကို ပိုအားပေးခဲ့ရတာကြောင့် စာသင်ခန်းတွေမှာ ကလေးတွေမရှိခဲ့တဲ့အတွက် ဆရာမတွေ ကလေးတွေကို ကောက်သင်းကောက်သလိုကောက်ပြီး ပညာဖြန့်ဝေပေးပုံတွေ မတူညီတဲ့ လူနေမှုစရိုက်တွေရယ် လူ့စရိုက်တွေရယ်ကြောင့် ကြုံတွေ့ခဲ့ရတာတွေ တင်ပြရေးသားထားပါတယ်။ထို့အပြင် ကလေးတွေရဲ့ အပြစ်ကင်းစင်ပုံတွေ ရွာသူရွာသားတွေရဲ့ ဖြူစင်ရိုးသားပုံတွေက စာဖတ်သူတွေကို ကရုဏာပိုရသည်အထိပါ။အလွန်ရိုးအလွန်းတဲ့ ကိုကြာစွယ်ဆိုတဲ့ ရွာသားတစ်ယောက်ရဲ့ ဖြူစင်လှတဲ့ မေတ္တာစေတနာကို ပေါ်လွင်အောင်ရေးသားထားပါတယ်။ရွာသရုပ်ဖော်အဖွဲ့တွေကလည်း ပီပြင်လွန်းပါတယ်။နိဂုံးချုပ်ပြောရရင်တော့ ပျော်ရွှင်မှုရသထက် စိတ်ကြည်နူးဖွယ်ဖြစ်ပြီး ကရုဏာရသဘက် ဦးတည်နေပါတယ်။ရွာဓလေ့ ရွာစရိုက်ကို သဘောကျနှစ်ခြိုက်လွန်းသူများ အတွက် အကောင်းဆုံးစာအုပ်တစ်အုပ်ဖြစ်မှာပါ။
Steemit မိသားစုဝင်များအားလုံးစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။
Give my love to you all Steemians.
written by :@hnineikhaing
MSU NO-003
received_236425950252219.jpeg

#myanmar
#msu

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center