လူတွေဟာ နေ့စဥ်နဲ့အမျှ မိုးလင်းကအစပြုပြီး ညအိပ်ရာဝင်သည်အထိ အမှတ်တမဲ့ နေထိုင်တက်ကြပါတယ်။ရှေ့သွားလျှင်နောက်ပြန်ကြည့်တက်တဲ့ လူစားမျိုးကတော့ အသိနဲ့သတိကို ကိုယ်နဲ့စိတ်မှာမလပ် သတိတိုတဲ့အမှတ်သားကို ထားရှိတက်ကြပါတယ်။အချိန်တိုင်းကို သတိရှိဖို့ဆိုတာကလည်း လွယ်ကူသောကိစ္စတော့မဟုတ် ဆင်ချေနိုင်မှသာ သတိဆိုတာ ကိုယ်နဲ့စိတ်မှာ အမြဲမလပ် တွယ်ကပ်နေပါလိမ့်မယ်။
ဆယ်ငါးမိနစ်လောက် အမှတ်တမဲ့နေထိုင်လိုက်ခြင်းကြောင့် သူခိုးအတွက် အကွက်ဖြစ်သွားရတဲ့အကြောင်းလေးကို လိုရင်းလောက်တင်ပြရေးသားရလျှင်ဖြင့် ကျွန်နော်နေထိုင်သော ရပ်ကွက်ကို ဘယ်အရာတွေက စိုးမိုးထားသည်မသိ ဘယ်သူကသြဇာကြီးသည်မသိ ဘယ်သူ့ကို အဘခေါ်ရမှန်းမသိ အားလုံးကို အဘဟုသတ်မှန်ရမလောက် ဘာကိုမှစိတ်ချလက်ချနဲ့ အမူမဲ့ အမှန်မဲ့နဲ့ နေထိုင်လို့ကောင်းသည့် နေရာဒေသတော့မဟုတ် လောင်းကစားသမားနဲ့ ဘိန်းစားတွေရှိနေသည့် ရပ်ကွက်ငယ်လေးတစ်ခုသာဖြစ်သည်။
ကျွန်နော်နေထိုင်သည့်အိမ်၌ ဆယ်နှစ်ပေကျော်လောက်ရှိသည့် အခန်းသုံးခန်းရှိတယ်ဗျ။အခန်းကနေပြီး အိမ်အပြင်ကိုထွက်လိုက်သည်နှင့် ရပ်ကွက်ကားလမ်းပေါ်ရောက်နိုင်သည့်အနေအထား ကားလမ်း၏တစ်ဖက် မျက်နှာချင်းဆိုင်၌ ကွမ်းယာဆိုင်နဲ့ရပ်ကွက်မုန့်ဆိုင်လေးတစ်ဆိုင်ရှိပါတယ်။ရပ်ကွက်ထဲဆိုတော့ကာ လူသွားလူလာမပျက် ရှိနေသည့်နေရာမျိုး အဲ့ဒီအနေအထားမျိုး ရှိနေတဲ့ကြားက ဖြစ်ပျက်သွားသော အဖြစ်အပျက်တစ်ခုကို တင်ပြရလျှင် တစ်နေ့၌ ကျွန်နော်နေထိုင်သည့်အခန်း၏ တစ်ခန်းကျော်၌ နေထိုင်သောလူသည် အလုပ်ကနေပြီး သူနေသောအခန်းဆီသို့ ပြန်လာခဲ့ပါတယ်။အလုပ်လုပ်ရတာပင်ပန်းလွန်းတော့ ခဏဆိုပြီး အိပ်ရာပေါ်၌ မျက်စိမှိတ်ကာ အနားယူလိုက်တာ ဆယ်ငါးမိနစ်လောက်ရှိသောအချိန်၌ အိပ်နေရာမှထလာတဲ့အချိန်မှာပဲ မိမိ၏အိပ်ရာဘေး၌ ထားရှိသော လက်ကိုင်ဖုန်းကိုမတွေ့ရှိတော့ပဲ ပျောက်ဆုံးသွားခဲ့ပါတော့တယ်။
အဓိကအကြောင်းရင်းကတော့ အမူမဲ့စွာနဲ့ အခန်းတခါးမပိတ်မိခြင်း အမှတ်မဲ့စွာနဲ့ အိပ်ပျော်သွားခြင်းကြောင့် အိမ်ထဲလူဝင်ရောက်လာတာမသိလိုက်ခြင်းအမှတ်တရကတော့ မိမိ၏ကိုယ်ပိုင်လုပ်အားခနဲ့ဝယ်ယူထားသော သိန်းချီတန်သော လက်ကိုင်ဖုန်းတစ်လုံး ဆုံးရှုံးသွားရခြင်းပါဟု ရေးသားတင်ပြရင်းဖြင့်...........
author: @thurawinkyaw
photo images:unsplash.com