သူ့ဘဝနဲ့သူ
ဟ ... ဟိုကောင် ဝတ်တဲ့ခါးပတ်က ၁၄သိန်း!!!
အော် ... ရူးနေတာ ငါသာဆို မဝယ်ဘူး
အဲ့အစား... ရွှေလုပ်ဝတ်မှာပေါ့
"ဟျောင့်
မတူဘူးလေ... လူဆိုတာ သူ့ဘဝနဲ့သူ "
"အခု ငါတို့ စားနေတဲ့ဝိုင်း
ဘယ်လောက်ကျလဲ ???? "
"၃ထောင် .... "
"ငါတို့ လက်ဖက်ရည်ဆိုင်မှာ ခဏလေး စားတာ ၃ထောင်
ခဏ.... ငါ မင်းနားလည်အောင် သက်သေပြမယ်"
:ဖြောင်း...ဖြောင်း ....ညီလေး လာဦး"
ကျွန်တော် လက်ခုပ်တီးပြီး
ကမ်းနား မှာ တောင်းစားနေတဲ့
၈နှစ်အရွယ်
ကလေးတစ်ယောက်ကို ခေါ်လိုက်တယ်
"မင်းကို ငါတို့ ၃ထောင်ပေးမယ်
လမ်းထိပ်က ထမင်းဆိုင်မှာ ပုစွန်ဟင်းကောင်းတယ် ... ပုစွန်ထုပ်ကြီး ၂ကောင်တောင်ပါတယ် ... ဝယ်စားချည် ... စားမလား?"
"ဟာ...ကျွန်တော်အရူးမှ မဟုတ်တာ ဘာလို့စားမှာလဲ?
စားမနေဘူး ... အဲ့အစား မိသားစုအတွက် ဆန်၂ပြည် ဝယ်သွားပြီး ချက်စားမှာပေါ့ "
ကောင်လေးက ရိုးရိုးပဲ ဆတ်ခနဲ ပြန်ပြောတယ်
သူငယ်ချင်းဘက်ကို လှည့်ပြီး ပြောလိုက်တယ်
"ဟေ့ကောင်... စောစောက မင်း ဘာပြောလဲ?
ဝယ်မနေဘူး .... အဲ့အစား
ရွှေလုပ် ဝတ်မှာပေါ့ လို့ ပြောတယ်မလား ???"
"အေး အဲလိုပဲ
ငါတို့အတွက် ၃ထောင်ဆိုတာ ၁၀မိနစ်အတွင်း လက်ဖက်ရည်ဆိုင်ထိုင်ဖြုန်းပစ်တာ ဘာမှ အရာမဟုတ်ပေမဲ့
သူတောင်းစားတစ်ယောက်အတွက်တော့ ..... အဲ ၃ထောင်က ဆန် ၂ပြည်ပဲ"
"ထို့နည်းတူ.... သူ့ဘာသူ
ဘယ်နှသိန်းတန် ဘာဝယ်ဝယ်
လူချင်းတူပေမဲ့ ဘဝချင်းမတူဘူး
ဒါကို မင်းကောင်းကောင်း နားလည်ဖို့လိုတယ်"
"သူရှိလို့ သူဝယ်တာ
သူရှာတဲ့
သူ့ပိုက်ဆံနဲ့သူဝယ်တာ
မင်းက ဝင်ကဲ့ရဲ့တော့
မင်း အဖြစ်နဲ့ မင်းအဆင့်က
စောစောက ငါယှဉ်ပြတဲ့
သူတောင်းစား လို ဖြစ်သွားတော့ မပေါ့"
"မုဒိတာတရား ထားစမ်းပါကွာ " :-)
"မင်းအတွက် မတန်ဘူး ထင်လား
အဲ့ဒါဆို အဲ့ပစ္စည်းက မင်းအတွက် ထုတ်တာ မဟုတ်ဘူး "