The lotus is a flower that blooms above the water.
The roots of the lotus plant are stuck in the mud.
No matter how dirty the mud is, the lotus flower still smells beautiful.
This is because the lotus plant has its roots in the mud, but it can break through the water and bloom in the air.
This is the thought I got while looking at the lotus flowers in the pond.
We should behave like the lotus plant.
If the place where we were born is not good, we can leave that place.
If the environment we live in is not good, we can leave that place.
We should move to a developed area, a place with a good environment, and strive to improve our lives.
How do you understand my words about striving like a lotus?
I would also like to know your thoughts.
May you be healthy, wealthy, and happy.
ကြာပန်းသည်ကား ရေပြင်ထက်၌ ပွင့်သောပန်း ဖြစ်ပါသည်။
ကြာပန်းပင်၏ အမြစ်ကတော့ ရွှံ့နွံတွေထဲမှာ တွယ်နေတတ်ပါတယ်။
ရွှံ့နွံတွေက ဘယ်လိုပင် ညစ်ပတ်ပါစေ ကြာပန်းကတော့ မွှေးပျံ့လှပနေတတ်ပါတယ်။
ဒါကလည်း ကြာပန်းပင်သည် ရွှံ့နွံမှာ အမြစ်တည်ပေမယ့် ရေလွှာကို ဖြတ်ကာ လေပြင်၌ ပွင့်လန်းတတ်သောကြောင့်ပါ။
ဒါက ကျွန်တော် ရေကန်ထဲက ကြာပန်းတွေကို ကြည့်မိရင်း ရမိတဲ့အတွေးအမြင်ပါ။
ကျွန်တော်တို့ဟာ ကြာပန်းပင်ကဲ့သို့ ကျင့်ကြံရပါမယ်။
ကျွန်တော်တို့ မွေးဖွားခဲ့သော ဇာတိဒေသ မကောင်းလျှင် ထိုဒေသမှ ထွက်ခွါနိုင်ရပါမယ်။
ကျွန်တော်တို့ နေထိုင်ရာ ပတ်ဝန်းကျင် မကောင်းလျှင် ထိုအရပ်မှ စွန့်ခွါနိုင်ရပါမယ်။
ဖွံ့ဖြိုးသော ဒေသ ၊ ကောင်းသောပတ်ဝန်းကျင် ရှိသည့်နေရာသို့ ပြောင်းရွှေ့ကာ ကျွန်တော်တို့၏ဘဝကို မြင့်မားလှပအောင် ကြိုးစားကြရပါမည်။
ကြာပန်း ကဲ့သို့ ကြိုးစားရမည် ဟူသော ကျွန်တော်၏ စကားကို ဘယ်လို သဘောရကြပါသလဲ။
မိတ်ဆွေတို့၏ အတွေးအမြင်ကိုလည်း သိပါရစေ။
မိတ်ဆွေများ ကျန်းမာ၊ ချမ်းသာ၊ ပျော်ရွှင်ကြပါစေ။